ညိုပြာပြာ လတာပြင့်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြည်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွံ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။
ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)
.. ဗေဒါလမ်းကဗျာကို မောင်ဥက္ကာကိုကို (သံတွဲ) ဆီကနေ ကူးယူ ပြီး တင်ပေးပါတယ်..။ ဘာရေးရမှန်းမသိ.. ဘယ်လိုနေရမှန်းမသိဖြစ်နေတာနဲ့.. ဒီ စာသားကို တင်ဖြစ်တာပါ.. ဒီ ကဗျာ (သီချင်း) ကိုလည်း အင်မတန်မှ သဘောကျပါတယ်.. တော်လှန်ရေးထဲ နေတုန်းက မယ်ဒလင် တီးတဲ့ ရဲဘော် ( ) က အဲဒီသီချင်းက ခက်တယ် သိပ်ပညာပါတယ်..လွယ်တဲ့ သီချင်းအရင်ဆိုတက်အောင်လုပ် လို့ ပြောပေမဲ့ အင်မတန် ဆိုချင်ခဲ့.. သူပါ.. သီချင်းမဆိုရပေမဲ့လည်း စာသားတွေကို ကြိုက်တော့ ဒီကနေ့ ခံစားချက်အဖြစ် တင်ဖြစ်ပါ၏..။
မဗေဒါ (၈၈)
၁၃.၁၁.၂၀၁၀
အောက်ပိုဒ်
4 ဦး၏ဆွေးနွေးချက်:
ဒီမိုမီဒီယာတွေက 24/7 ဒေါ်အောင်ဆန်းစုကြည် သတင်းကို လွှင့်နေတာဘာသဘောလဲဆိုတာ ကျုပ်တကယ်ကို နားမလည်ဘူး။ ဒီမိုကရေစီ လူအခွင့်အရေးပေတံနဲ့ တိုင်းတာရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာမှ အရေးမကြီးဘူးဗျ။ 9/11 မှာ သေတဲ့လူတွေက တစ်သောင်းလောက်ရှိပါတယ်။ အမေရိကန်အစိုးရကိုယ်တိုင် ဗုံးခွဲသတ်ခဲ့တယ်လို့ စွပ်စွဲပြီး ဆန္ဒပြတဲ့ လူအုပ်ကြီးဟာ တစ်ယောက်မဟုတ်ပါဘူး။ ထောင်နဲ့ ချီပြီးဆန္ဒပြကြတာပါ။ 9/11 ဆန္ဒပြမှုတွေဟာ ဒီမိုကရေစီ လူအခွင့်အရေးအတွက် အရမ်းကို အရေးကြီးပါတယ်။ အဲဒီဆန္ဒပြပွဲတွေကိုတော့ ဒီမိုမီဒီယာတွေမှာ လုံးဝ မဖေါ်ပြပဲ.. ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ဘာလို့ အဲလောက်အထိ အလေးထားနေတာလဲ? 9/11 မှာ ဖုံးခွဲသတ်ခံရတဲ့ လူတစ်သောင်းရဲ့ အသက်ဟာ တန်ဖိုးမရှိလို့လား? အဖြေသိရင်ပြောပြပါ။ အောက်ဘက်မှာ ဆန္ဒပြတဲ့ ဗီဒီယိုလေးတွေလဲ တင်ပေးလိုက်ပါတယ်။
☀ U.S. citizens demand truth on 9/11
☀ 911 Truth - NYC September 11th, 2010 [911infowarrior]
☀ 9/11 Truth: Demonstration in Brussels, Belgium (Sep 2007)
☀ Freedom Not Fear - Anti surveillance and 9/11 Truth Demonstration Berlin
☀ 9/11 Manifestation Stockholm Sweden
☀ 9-11 Truth makes HUGE appearance at Los Angeles Anti-War March
☀ Teil 9/11 RE-OPEN demonstration Brussel Sept., 7, 2008
☀ ပင်လုံစာချုပ်နဲ့ မြန်မာအချင်းချင်း သွေးခွဲပေးတဲ့ အင်္ဂလိပ်ကို ကျေးဇူးတင်တာ ဒီမိုငတုံးပါ။
☀ မြန်မာနယ်မြေတွေကို ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယကိုပေးတဲ့ အင်္ဂလိပ်ကို ကျေးဇူးတင်တာ ဒီမိုငတုံးတွေပါ။
☀ ဗိုလ်ချုပ်အောင်ဆန်းကို သတ်တဲ့ အင်္ဂလိပ်ကို ကျေးဇူးတင်တာ ဒီမိုငတုံးတွေပါ။
☀ နအဖရေးတဲ့ ၂၀၀၈ အခြေခံဥပဒေကို စောက်တင်းပြောပြီးတော့… လွတ်လပ်ရေးခေတ်မှာ အင်္ဂလိပ်ရေးတဲ့ အခြေခံဥပဒေကို အလေးထားနေတာ ဒီမိုငတုံးတွေပါ။
☀ ကမ္ဘာမှာ လိမ်လို့အလွယ်ဆုံး. . ငတုံးဖြစ်ဆုံးနဲ့ ပြောတိုင်းယုံတာကတော့ ကတော့ မြန်မာလူမျိုး ဒီမိုငတုံးတွေသာဖြစ်ပါတယ်။
☀ ကဲဗျာ… အဖြူတွေ အုပ်ချုပ်တဲ့အချိန်မှာ တရားဥပဒေက ဘယ်လိုလဲသိချင်ရင် ဒီဗီဒီယိုလေးကို ကြည့်လိုက်ပါ။ သြော်.. အဲဒီဗီယိုက နအဖက ရိုက်ထားတဲ့ ဗီဒီယိုလေးနော်.. ၀ါးဟားဟား
တုံးလွန်.. အလွန်းသည့် ဒီမိုငတုံးများကို စိတ်ကုန်သည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★
မ99 ဘလော့ကနေ မင့်လေးနှစ်သက်လို့ လာအားပေးတာပါ.. စိတ်မကောင်းစရာကြီးတွေ့ရတာ ၀မ်းနည်းပါတယ်၊ မြင့်မြတ်တဲ့ မြန်မာဝါဒီသခင်ကြီးကလည်း ငတုံးတွေ စတဲ့ အောက်တန်းစားစကားတွေ သုံးတာပါပဲလားဆိုပြီး သံဝေဂ ပွားမိပါတယ်၊ ကျနော်က ဘာမှတော့မဟုတ်ပါဘူး၊ မတရားတာ ရုန့်ရင်းကြမ်းတမ်းတာကိုတော့ စက်ဆုပ်ပါတယ်..အမ ပျော်ရွှင်ပါစေ
မဗေဒါ ရေ
ကဗျာလေး ကို နှစ်သက်စွာ နဲ့ ပြန်ဖတ်သွားတယ်
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။
ခင်မင်စွာနဲ့
ရွှေစင်ဦး
ဒေါ်အောင်ဆန်းစုကြည်ပြောစကားက ဘာမှ မဆိုင်ပဲ မြတ်ဗုဒ္ဓတရားနဲ့ ခိုင်းနှိုင်းထားတယ်။ ဒီမိုတွေကတော့ ဘုန်းကြီးတွေကို ကလိမ်ကကျစ်နည်းနဲ့ လှည့်ပတ် စည်းရုံးနေပြန်ပြီ။ ဒီမှာဖတ်ကြည့်ပါဦး
Post a Comment