ဥရောပရဲ့ ဆိတ်ငြိမ်ညတွေ အေးစက်စက် ညတွေကြား
ရင်ခုန်စွာ ဖြတ်သန်းရင်း ..
ရင်ထဲက
ခုန်ထွက်လာတဲ့ .. စာသားတခု..ထဲ..
အပြောင်းအလဲ ကို ..
ကြောက်သူတွေ
မကြိုက်သူတွေ
လန့်သူတွေ
မနှစ်မြို့သူတွေ
မလိုလားသူတွေ
ရဲဝံ့စွာ မထုဆစ်ရဲသူတွေ
…..တွေ …….ကို
ကျွန်မ မကြိုက်ချင်ဘူး..ပြီးတော့..
ကိုယ်တိုင်လည်း
အပြောင်းအလဲများစွာအတွက်
နှလုံးသား ဖွင့် ထားရမယ်လို့
ဦးနှောက် နဲ့ နှလုံးသားကြား အပြန်ပြန် အလှန်လှန်
စည်းချက်မှန်မှန် အချက်ပြနေလေရဲ့ ....။
ဂန္ဒီနဲ့ တဂိုး အတွေးအခေါ် တိုက်ပွဲတွေ ရှိခဲ့ကြတယ်..
သူတို့မှာ အပြန်အလှန် လေးစားတာတွေ ရှိခဲ့ကြတယ်တဲ့..
အပြောင်းအလဲတခုအတွက် …
မတူတာတွေ အများကြီး ရှိနိုင်ပေမယ့်..
တကယ့် ဘုံရန်သူဟာ
စစ်အာဏာရှင်မို့..
မျက်စိကြီးနားကြီးစေတဲ့
ရဲရဲတောက် တေးသီချင်းတပုဒ်…
လက်ဆောင်ပေးလိုက်ချင်ရဲ့.. ။
`` အရေးကြီးပြီ ညီနောင်အပေါင်းတို့ `` ..။
မဗေဒါ (၈၈)
၁၁.၁၁.၂၀၁၀
အောက်ပိုဒ်
3 ဦး၏ဆွေးနွေးချက်:
တိတ်ဆိတ်တဲ့ညလို့ပြောချင်တာဆိုရင် ဥရောပရဲ့ ဆိတ်ငြိမ်ညများလို့ သုံးရမလားမသိဘူးနော်။ စိတ်က ငြိမ်သက်နေတာလို့ဆိုလိုရင်တော့ အစ်မသုံးတဲ့အတိုင်းပဲ ဖြစ်မယ်။ သေချာမသိပဲ ဆရာလုပ်တာဆိုတော့ မှန်မှန်တော့ မသိဘူး :-))
ညီမ ပန်းနုလို့ ခေါ်မယ်ထင်ပါတယ်..
အစ်မ ဆိုလိုတာ လူ့စိတ်မဟုတ်ပါဘူး..တိတ်ဆိတ်တဲ့ညများမို့ ညီမပြောတာ မှန်လေရဲ့..။
ကျေးဇူးပါ..
` အရေးကြီးပြီ ညီနောင်အပေါင်းတို့ ` ဆိုတဲ့ စကားရပ်မှာ တိုင်းပြည်ကိုချစ်ပြီး ဒီမိုဝါဒကို မယုံတဲ့ကျုပ်တို့ကို ညီနောင်လို့ သဘောမထားကြဘူးနော်။ ဒီမိုဝါဒကို မျက်ကန်းယုံ၊ ဒီမိုသမားတွေ ဘာလုပ်လုပ် အကောင်းမြင်၊ နအဖကို မုံန်း၊ စစ်သားတွေကို ရန်သူလိုသဘောထား၊ မြန်မာလူမျိုးအချင်းချင်းနှိပ်ကွပ်တဲ့သူတွေကိုပဲ ညီအစ်ကိုလို့ သဘောထားကြတယ်နော်။ အဲဒါက နိုင်ငံရေးလား လုပ်တာလား .. ၀ါဒရေးလုပ်နေတာလားဆိုတာ ထင်ရှားပါတယ်။
Post a Comment