စာရေးပေးပါလို့ ပြောလာတာ့လည်း ပေါက်ကရလေးတွေ လုပ်ချင်လာတယ်.. အိမ်မှာ လည်း သူငယ်ချင်းများ ရောက်နေတာနဲ့ အတော်ပဲ..မငယ်ရေ… အဲဒီ အုပ်စုထဲမှာ မငယ်ချစ်ချစ် ( ) နဲ့ အင်မတန်ခင်တဲ့ ကို ( ) လည်းပါတယ်..။ သူက မှတ်တမ်း ဗီဒီယိုလေး ရိုက်ပေးပါတယ်..။ ဒါနဲ့ပဲ စိန်ဗေဒါ ` အသံစွမ်းရည်` အပြတ်ပြလိုက်တယ်..။ စိတ်တော့ မညစ်နဲ့.. အပျော် လုပ်ထားတာမို့.. သိပ်မကောင်းဘူး.. ဟဲ.. ( ညံ့တာကို ဝန်မခံချင်တာ) ..။ ချတ်လိုက် ပြုတ်လိုက် ပွားလိုက်နဲ့ အော်ဟစ် ထားတာဆိုတော့ မြင်တဲ့အတိုင်း ဖြစ်နေတော့တာပဲ..။ အော်ဟစ်တဲ့အဆင့်ပဲ ရှိပါသေးတယ်... နောင် လာမဲ့ ၁၀ နှစ်လောက်ဆိုရင်တော့ ` ဆို` တက်လောက်ပြီလို့ ယူဆရတာပဲ..။ ( အနိုင်မခံ အရူံးမပေးစိတ်ဓာတ်များ ရင်ဝယ်ပိုက်ရင်း ..)..။ မလှမပနဲ့ ဖြစ်နေတယ် သူငယ်ချင်းရေ.. (အပြင်မှာဆို နဲနဲကြည့်ကောင်းတယ်လို့ ကိုယ်ကိုယ့်ကိုယ်တော့ ထင်တာပဲ..။) နောက် တခါ အချိန်ရရင်တော့ ပြန်အကူအညီတောင်း ရိုက်ခိုင်းပြီး အဆိုစွမ်းရည် ထပ်ပြအုံးမယ်.. မလျော့ တဲ့ဇွဲပေါ့.. မဆင်းရဲ တဲ့ဗီဇ များပါ ..။ အားပေးပါအုံး …။ (သူငယ်ချင်းကို ပြိုင်စရာမရှိလို့.. သီချင်းဆိုပြီး စိန်ခေါ်ရတာ.. အားတော့နာတယ်..။ သိပါတယ် လေ..မငယ် ...သီချင်းပဲ နားထောင်တယ်မလား.. ဗေဗေ့လို အရှက်မရှိ ဗြဲဗြဲ နဲ့ မအော်တက် (ရဲ) ဘူးဆိုတာ..။ )
ပထမ သီချင်းက ထူးအိမ်သင်ပါ… ဒုတိယက မြို့မ ကိုပေါ ရဲ့ သီချင်း.. နှစ်ပုဒ်လုံးက အကောင်းစားတွေဆိုတော့ ကြိုက်တယ်.. ကြိုက်တာက တပိုင်း .. ကိုယ်ဆိုတာ မကောင်းတာလည်း တပိုင်းပေါ့..။ တလုံးဖြစ်သွားပြီ..။ ကောင်းတာတွေ မကောင်းတာတွေ မျှဝေပေါင်းစပ်ခြင်း..ပေါ့..။ ဘာပဲပြောပြော… အပျင်းပြေ ဒါမှမဟုတ်… လည်း ဟာသ အဖြစ် ကြည့်ရတာပေါ့..။

`` မဗေဒါ ရေးတဲ့ အိမ်ထောင်ဖက် ``
လောကရဲ့ အမြင့် အနိမ့် ဒဏ်တွေကို
ရင်ဆိုင်တဲ့ အခါ
ခေါင်းမာပြီး
ဘက် `၁ ` ခုထဲကနေ ချဉ်းကပ် တက်ခဲ့တဲ့
မဗေဒါကို
တွေးနိုင်ဖို့
အသိတရားကောင်း နဲ့
လောက ကို `အလှတရား `ဖြစ်သွားအောင်
လမ်းပြတက်သူ..
တခါတလေ အပြင်းပြေ`မစ္စတာ ဘင်း`လို
လုပ်ပြ..
ရယ်စရာ မောစရာနဲ့ ဘဝရဲ့ စိန်ခေါ်ချက်တွေအတွက်
သတ္တိရှိအောင်..
မဗေဒါကို `မာန်`သွင်းပေးသူ..
စာကောင်းပေကောင်း မြတ်နိုး ခုံမင်တာ…ချင်းတူ..
သီချင်းကောင်းတွေကို မြတ်နိုး ခုံမင် တာချင်းလည်းတူ …
အယ်လ် ဆိုင်းဇီ ..ရှင်ဖုန်း ..ကော်နီတို့ကို သဘောကျတာချင်းလည်းတူ…
ဒါပေမယ့် သူက ချယ်လစီး မကြိုက်… ကျွန်မက မန်ယူမကြိုက်..
အိမ်သော့မှသည်…ဖုန်း
… ဖုန်းမှသည်.. ပိုက်ဆံအိတ် စတာတွေ… ကို စည်းကမ်း မဲ့စွာထားတက်တဲ့ အကျင့်ဆိုး တွေကြောင့်
စိတ်ညစ် ရင်း မဗေဒါကို လက်မြှောက် အရူံးပေးထားသူ..
နုတ်အေးသလောက်
ဒေါသကြီးသူ….
ယဉ်ကျေးသိမ်မွေ့ချင်းကို တွယ်ဖက်သူ..
ဈေးကြီးတဲ့ ပစ္စည်းကောင်းတွေကို ခုံမင်သူ…
ဟင်းတခါချက်ရင် အနုစိတ်လွန်းတက်သူ…
ဝတ်စားဆင်ယင်မှုမှ ..သည်
တကိုယ်ရေ ကိစ္စများကို စမတ်ကျကျ တခမ်းတနား လုပ်တက်တဲ့သူ့ကို ငြိုငြိုငြင်ငြင်နဲ့ စိတ်ညစ်ရင်း တခါတလေ ရယ်မုဒ်.. ကွန်ထိုးလုပ်ချင်တဲ့ မဗေဒါက လက်မြှောက် အရူံးပေးထားသူ..
သို့ပါသော်လည်း ..
ဘဝရဲ့ ကြီးမားတဲ့ တိုက်ပွဲတွေ ကြုံလာတိုင်း
ရင်ဆိုင်ရတိုင်း
အေးချမ်းတည်ငြိမ်စွာ
လက်တွဲမဖြုတ် ပဲ..
မဗေဒါ တို့နှစ်ယောက်
တယောက်ကို တယောက် အားပေးရင်း
ဘဝကြီးကို နားလည်အောင် မျက်စိ ပြူးကျယ်စွာ.. ခေါင်းကြီးကြီးဖွင့်ထုတ် ကြည့်ရင်း …
ဖွဲ့နှောင်ထားတဲ့ သံယောဇဉ်ကြိုးများကို
မြဲမြံစွာချည်နှောင်ထားရင်း………… မတူညီ.. အံမဝင် ဂွင်မကျတဲ့ ဆန့်ကျင်ဘက် ယဉ်ကျေးမှုတို့ တည်ရှိရာ …
မြောက်ဝန်ရိုးစွန်းမှာ အသက်ဆက်…ယဲ့ယဲ့ ဖြေးညင်းစွာ ခရီးသွားနေကြလေရဲ့ မငယ်ရေ…. ။
မငယ်ရေ.. မငယ်ကို နောက်ချင်တာ အများကြီးပဲ… အချိန်ကလည်း ဆင်းရဲနေတာနဲ့ သိပ်မရေးဖြစ်တော့ဘူး..။ အပေါ်က စာစုလေးပဲ ကြိုးစားရေးပေးထားပါတယ်.. ပြောရရင်တော့ မကောင်းကြောင်း ကောင်းကြောင်း အတိုချုပ်စာရင်း များပေါ့.. သိပ်တော့ မကြိုက်ပါဘူး… ဒါပေမယ့် တော်တော်လေး မောနေတာနဲ့ ဒီလောက်ပဲနော်..။ အဆင်မပြေလည်း နောက်တခါ အသံ ရုပ်နဲ့ ထပ်နှိပ်စက်ပါအုံးမယ်..။
(မငယ် သူငယ်ချင်း .. စိန်သာခေါ်တာ သိပ်မခေါ်ရက်ဘူး.. ဘာဖြစ်လို့လည်းဆိုတော့ မငယ်ချစ်ချစ်က ဗေဗေ့ကို `ဟဲ့နင်က လှတုန်းပဲ…` လို့ စိတ်ဆင်းရဲပြေ နောက်ပြောတက်လို့ …။ ဟီး… အမြှောက်ကြိုက်လေး မလိမ်မိုး မလိမ်မာလေး စိန်ဗေဒါ…. )..။
မဗေဒါ (၈၈)

17 ဦး၏ဆွေးနွေးချက်:
သူငယ်ချင်းရေ
အခုလို မအားတဲ့ကြားက တကူးတက ရေးပေးတာရော ဆိုပေးတာပါ အထူးပဲ ကျေးဇူးတင်ကြောင်း အရင်ပြောပါရစေ။ လင်မယေားနှစ်ယောက်စလုံးကို တခါတည်းတွ့လိုက်ရတော့ သူငယ်ချင်းက လလာဝလာသလား ထင်ရတယ် ကျော်ရဲအောင်နဲ့ တူတဲ့သူကတော့ ပိန်သွားလို့ အခုသိပ်မတူတော့ဘူး။ ကျော်ရဲအောင်နဲ့ တူအောင် အရင်ကလို နည်းနည်းပြန်ပေးပြည့်ဖို့ လိုမယ်ထင်တယ်။ အခုလို စုံတွဲကို ကျန်းကျန်းမာမာ ပျော်ပျော် ရွှင်ရွှင်နဲ့ တွေ့ရတာ ၀မ်းသာပါတယ်။ အဲဒါ နှုတ်ခွန်းဆက်တာ နိဒါန်းပျိုးတာ မှတ်ချက်က နောက်မှ လာမယ်နော့်။
သူငယ်ချင်းရေ မှတ်ချက်က အခုမှ လာတာနော့်။ လေးကြိမ် ဆက်တိုက် နားထောင်ခဲ့ပါတယ်။ နောက်ထပ်လည်း ပြန်နားထောင်ဦးမယ်။ ပထမတပုဒ်မှာ သူငယ်ချင်းပုံကြီးကို တွေ့လိုက်တာနဲ့ တောထဲမှာ တက္ကသိုလ် စိန်ရတုအထိမ်းအမှတ် တုန်းက တက္ကသိုလ်ကျောင်းက ငွေလမင်းကို ဆိုတုန်းကလို အသံသေးအသံကြောင်နဲ့ အော်နေမှာစိုးလို့ ဘုရားရေ အရှက်တော့ ကွဲပါပြီ ထင်တယ်လို့ တွေးပြီး Click လိုက်တာ ခေတ်ပေါ်သံစဉ်ကို နားထောင်လို့ မတတ်ပေမဲ့ ထွန်းအိန္ဒြာဗိုလ် အသံနဲ့တူသလိုလို ရှိတော့ မဆိုးပါဘူး တော်ပါသေးရဲ့လို့ သက်ပြင်းချလို့ ရသွားတယ်။
နောက်တပုဒ်ကို နားထောင်လိုက်တဲ့အချိန်မှ သူကပြီးခါနီးမှ အသံနဲ့ ညှင်းဆဲတာကိုးဆိုတာ သိလိုက်ရတယ်။ ဒါပေမဲ့ ကြာကြညအညှင်းဆဲ မခံလိုက်ရဘူး။ အသံနဲ့ နှိပ်စက်တာကို ဟာသအဖြစ် ပြောင်းလဲပစ်နိုင်ခဲ့တယ်။ တကယ်ကို ရီရလို့ ကျေးဇူးတင်တယ်သူငယ်ချင်း။ လေးခေါက် ဖြစ်သွားတာက ကျော်ရဲအောင်နဲ့တူသူ ဆိုတာကို သေသေချာချာ နားထောင်ချင်လို့ ထပ်ခါတလဲလဲ ပြန်ဖွင့်တာ ဘေးက အသံသေးအသံကြောင်က သူ့အသံထက် ပိုကျယ်နေတော့ လက်လျှော့လိုက်ရတယ်။ (KSW) ကတော့ ဆိုတာ မဆိုးပါဘူး။ တော်တော်လေး ကောင်းပါတယ်လို့ ပြောပြလိုက်နော့်။ တောထဲမှာတုန်းက ဆိုတာ တခါမှ မတွေ့ဖူးလို့ အဲလိုဆိုတတ်မှန်းမသိဘူး ဒါပေမဲ့ အိမ်ကတယေက်ကိုတော့ မမီသေးဘူးလို့ ပြောနေတဲ့အကြောင်းလည်း ပြောပြလိုက်ပါနော့်။ သူငယ်ချင်းရေ သူတယောက်တည်းကို ဆိုခိုင်းလိုက်တာ မဟုတ်ဘူး။ အပေါ်မှာ ထွန်းအိန္ဒြာဗိုလ်အသံနဲ့ တူတဲ့တပုဒ်ဆိုရရင် ကျေနပ်သင့်ပါတယ်။ အောက်က စုံတွဲသီချင်းမှာ ဆိုခဲ့ဖူးတဲ့ သီချင်းရှင် အဆိုတော်အမျိုးသမီးတွေသာ ကြားရင်တော့ သူတို့သီချင်းကို ဖျက်ဆီးလိုက်တယ်ဆိုပြီး ထိုင်များ ထိုင်ငိုမလားမသိဘူး။ အိမ်ကတယောက် အလုပ်သွားလို့ မကြားရသေးဘူး မနက်ဖြန် ပြန်လာရင် ဘာများပြောဦးမလဲမသိဘူး။ သူငယ်ချင်းရေ အသံသေးအသံကြောင်နဲ့လည်း အော်လို့မတတ် နားထောင်လို့ပဲ တတ်လို့ မပြိုင်ခင် အရှုံးပေးလိုက်ပါတယ်နော့်။ တကယ် ပြိုင်ချင်ရင်တော့ (KSW) တယောက်တည်းဆိုတာလေး တပုဒ်ပြန်ထည့်လိုက်ရင်တော့ အမျိုးသားနှစ်ယောက် ပြိုင်ရင် တော်တော်လေး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားမှာ အမှန်ပဲ။ ဆိုမတတ်ပေမဲ့ နားထောင်တတ်လို့ အမှန်တိုင်း မှတ်ချက်ပေးတာကိုတော့ စိတ်မဆိုးရဘူးနော့်။ သူငယ်ချင်းကို လှလှ၀၀နဲ့ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် တွေ့ရတာ ၀မ်းသာပါတယ်။ ကိုယ်ကတော့ အရင်ကထက် သုံးကီလိုပဲ ပိုပါတယ်။ မင်္ဂလာဆောင်တုန်းက ၀တ်တဲ့ အင်္ကျီ ရင်မှာ နည်းနည်းကြပ်သလို ဖြစ်တာကလွဲရင် အခုလည်း ၀တ်လို့ရသေးတယ်။ ဒါနဲ့ အိမ်မှာ ကလေးတွေလည်း တွေ့ရတေ့ ဘယ်ကဧည့်သည်တွေ ရောက်နေလဲ။ မိတ်ဆွေဟောင်းတွေရဲ့ မိသားစုတွေ ဆိုရင်လည်း နှုတ်ဆက်ကြောင်း ပြောပြပေးပါနော့်။
သူငယ်ချင်းရေ
အခုလို အရှည်ကြီး အမြင်တွေကို ပြောသွားတာ ကျေးဇူး..။ ဟဲ.. အော်ထားတာကို ချီးကျူးတာလည်း မင်္ဂလာတပါးပါပဲ..။
လာလည်တဲ့ အုပ်စုထဲမှာ သူငယ်ချင်း ချစ်ချစ်နဲ့ သိသူပဲပါတယ်..။ တပ်ရင်း တခုထဲကပဲ..။ ဟိုတခါက မငယ်ချစ်ချစ်ကို သူ.. ဆက်သွယ်ဖို့ မငယ်ကို ကြားထဲကနေ ပြောခဲ့သေးတယ်..။ အကြောင်းမပြန်တာနဲ့ ဆက်မပြောဖြစ်တော့တာ..။
စိန်ဗေဒါ
ရွှီးဖြောင်းဖြောင်းရွှီးဖြောင်းဖြောင်းရွှီးဖြောင်းဖြောင်းရွှီးဖြောင်းဖြောင်းရွှီးဖြောင်းဖြောင်းရွှီးဖြောင်းဖြောင်းရွှီးဖြောင်းဖြောင်းရွှီးဖြောင်းဖြောင်းရွှီးဖြောင်းဖြောင်းရွှီးဖြောင်းဖြောင်းရွှီးဖြောင်းဖြောင်းရွှီးဖြောင်းဖြောင်းရွှီးဖြောင်းဖြောင်းရွှီးဖြောင်းဖြောင်းရွှီးဖြောင်းဖြောင်းရွှီးဖြောင်းဖြောင်း အားပေးတာနော် ၀ီစီမှုတ်ပြီးရိုက်
တာမဟုတ်ဘူး မှားမှာဆိုးလို့ ရုပ်ကတော့နဲနဲဆိုးတယ်
အသံကမကောင်းဘူး ၊ လို့ပြောလိုက်ရင်စိတ်ဆိုးမယ်တူ
တယ် ၊ လာနားထောင်သွားပါတယ် အသံကတော့ကောင်း
တယ်ရုပ်လဲမဆိုးပါဘူး ၊
မောင်ဇေရေ..
သိတယ် ကိုယ့်ကိုယ်ကိုယ် ရုပ်ဆိုး အသံမကောင်းဆိုတာ..။
အမှန်ပြောတာပဲ.. ကြိုက်ပါဘူး..။ (စိတ်ဆိုးနေသည်..) အမှန်ပြောသောကြောင့်.. နောက်တခါဆို ဆင်ဆာပဲ..။
ဗေဗေ
သဘောကတော့ .....
အဆိုလဲရတယ်ပေါ့လေ။
စကားနည်းတဲ့လူကြီးတော့ .....
မပြောတော့ပါဘူးလေ
ပျော်နေတာလေး
အရှိန်ရပ်သွားမှာစိုးလို့ ...း)))
ဇီးသီး .အဲ . စီးရီးဆိုလား
ထုတ်ပါလား (မသိမသာလေး မ သွားခြင်း)
အောင်မြင်ပါစေ။
ကိုခိုင်
အင်း ရုပ်ကတော့ ဆိုးပါဘူး အသံကတော့ ပြတ်တောင်း ပြတ်တောင်းဆိုတော့ သေချာနားထောင်ရဦး မယ် မငယ်ကိုစိန်ခေါ်ခြင်းဆိုတဲ့ခေါင်းစဉ်ကို တွေ့တော့ ဘာပါလိမ့်လို့ လန့်သွားပြီး အပြေးလာကြည့်တာ ဘွားဗေတို့ကတော့ လုပ်လိုက်ရင် အလန်းကြိးပဲ မတော်လို့များ မမြဲသောနိယာမအရ ဘွားဗေကြီး မြန်မာပြည်ကိုပြန်လာရင်တော့ စိမ်းရောင်စိုတစ်ပုဒ်လောက် ဟဲခိုင်းပြီး နားထောင်ချင်တယ်.. မကြာတော့ပါဘူးလေ

မဗေဒါ ရေ
အသံလေး နားထောင်ချင်လို့ ကိုးနတ်ရှင် ကြည်ဖြူတဲ့ အချိန်လေး မှ သေချာနားထောင် သွားတယ် အသံကောင်းတယ် ထူးအိမ်သင်သီချင်းမှာ ပိုကောင်းတယ် ဂတ်ဂတ်ကြီး ကတော့ စုံတွဲသီချင်းမှာ ပိုကောင်းတယ် ရုပ်ကလေး ကလည်း မဆိုးပါဘူး မဗေဒါ နဲနဲပြင်လိုက်ဆင်လိုက်ရင် အဆိုတော် ချိုပြုံးတောင် အရှုံးပေးရလောက်မယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ဟလို.........ရောင်းရင်း အငယ်စား အကြီးစားများ
အခုလို လာရောက်အားပေးတာ ကျေးဇူးတင်ပါတယ်...။ များများအားပေးပါ.. ကိုခိုင် ပြောသလို ဇီးသီးခွေလည်း ထုတ်အုံးမှာ..။ ပရိသတ်ကြီး လက်ခုပ်တီးပေးပါလား...ရို့.. ရို့.. (ဘာမှ မဆိုင်ပါဘူး.. ပေါလက်စနဲ့ ဆက်ပေါနေတာ..)..။
သိတယ် စိန်ဗေဒါက ရုပ် အသံ နှစ်ပါးလုံး အော်ချလောက်ရအောင် ပြည့်စုံခေါင်းပါးသူ လေးပါကွယ်..။ စိတ်နုလုံးကလည်း မဆိုးလှပါဘူး.. မေတ္တာတရားဓါတ်တွေ လူအမျိုးအစားပေါ်မူတည်ပြီး အပြောင်းလဲလေးလည်း လုပ်တက်သား (မကောင်းတဲ့ အကျင့်ဆိုးများကို ဖွင့်ဟ ဝန်ခံခြင်း)..။
ဘာပဲပြောပြော အခုလို လာရောက် အမှန်တိုင်း သို့မဟုတ် မနာလိုစိတ်နဲ့ မောင်ကိုးလို မောင်ဇေလို ပြောလည်း စိတ်ချိုးဖူးးးးးးးးးးးးးးးးးးးးးးးးးးးးးး..။
ဗေဗေ (၂၀၁၀ အမတ်လောင်း)
ရူပါက စူပါပါဘဲ။ အသံကတော ကရ၀ိတ်ငှက်သံလိုလို။
ရုပ်လဲမြင်ရ အသံလဲ ကြားရ ဆိုတော့ ရုပ်မြင်သံကြားပေါ့။ တန်လိုက်တာ။
အိမ်ကတယောက်ကတော့ မင်းသူငယ်ချင်း စိတ်ကောမှန်သေးရဲ့လားဆိုတာ သေချာလည်း စုံစမ်းကြည့်ဦး ပြောနေလို့ ပြန်လာကြည့်တာ အားပေးသမားတွေ တပုံကြီးနဲ့ တယ်ဟုတ်ပါလား။ သူထင်သလို မဟုတ်ဘူးဆိုတာ သူ့ကို ပြန်ပြောပြလိုက်မယ်နော့်။
အားပေးနားဆင်သွားပါတယ်ခင်ဗျာ ....
အစ်မရေ....အဆိုတော်အသစ်ကလေးကို လာအားပေးသွားတယ်ခင်ဗျ။ ကောင်းလိုက်တာ အခွေထုတ်ဖြစ်ရင် လက်တို့ဦး အားပေးဖို့ :)
ခင်တဲ့(ချိုကျ)
မငယ် (စိတ်ဆိုးနေတဲ့ လေသံဖြင့်)
မငယ် ဘဲဘဲကို ပြောလိုက် အနုပညာဆိုတာ အားလုံးအတွက်.. တီးတက်.. ဆိုတက်မှ မဟုတ်ဘူးလို့..။ အခုလို အော်ဟစ် တက်တာလည်း အနုပညာ တမျိုးပဲ.. အခုလိုအော်ရဲမှ နောင် `ဆို`တက်သွားမယ်ဆိုတာ သူ့ကိုပြောလိုက်ပါ.. သူလည်း အော်တဲ့အဆင့်ကနေ အခုလို အပျော်တမ်း အဆင့်လောက် ဆိုတက်တာများ ..။ လူကို ရူးသလေး ပေါသလေးနဲ့ အင်မတန် စိတ်နှလုံး မချမ်းမြှေ့ ဖြစ်နေတယ်..။
အေးလေ ပြောချင်ပါဘူး.. သူ့ မိန်းမကမှ ကိုယ့်လောက် မဟဲ ရဲတာ မနာလိုဖြစ်လည်း ဖြစ်စရာနေမယ်ထင်ပါ့..။ (အတည်ပြောတာ ဝမ်းသာတဲ့ ဟန်ဖြင့်) ..။
စိန်ဗေဒါ
ကိုချိုကျ
အတည်ဆိုရင်တော့ အတော်လေး ပီတိ ပါပဲ..။
မောင်ကိုးအိမ်
တကယ်နီးပြီလား.. ကိုယ့်တိုင်းပြည်ကြီးကို လွမ်းလွန်းလှပါပြီ.. စောင့်နေပါ၏.. စောင့်ရုံပဲ ရှိတယ်မလား..။
အမ ရွေစင်
ကိုးနတ်ရှင် ကြည်ဖြူတဲ့ အချိန်ဆိုတာ ရှင်းပြပါဦး..
ကိုကိုမောင်
အဟဲ.. အတည် ဖြစ်မယ်ထင်တာပါပဲ..။
အားလုံးကို ခင်တဲ့
မဗေဒါ (၈၈)
မဗေဒါရေ
ဒုတိယစုံတွဲက ပိုကောင်းတယ်။
ရင်ထဲကလာတဲ့ စကားလုံးတွေနဲ့ ဆိုနေတာပဲ။
သဘာဝမင်းသမီးနဲ့ သဘာဝမင်းသားကို အားပေးပါတယ်။
Post a Comment