(၁ )
``အပြင်မထွက်နဲ့ ``
``… … ဘာဖြစ်လို့လည်း အမေ ``
`ငါကြားတာ ရုတ်ရုတ် သဲသဲ ဖြစ်နေတယ်ဆိုပဲ.`...။ `အမေ…ဘာပြောတာလဲ.. ကျွန်တော် နားမလည်ဘူးဗျ` `နင်တော်တော် စကားရှည်တဲ့ ကောင်လေးပါလား..`..။
ကျွန်တော်ချစ်တဲ့ အမေ့ကို အဲလို ပြန်ကွန့်ရင် အမေစိတ်တိုတက်တာ သိပ်သိပေါ့..။ ကျွန်တော်ဆိုသည့် ကောင်က ငယ်ငယ်ကတည်းက ဖြစ်ချင်တာကို မရရအောင် လုပ်ချင်သည်သာ.. အမေက ဒါဆိုလည်း နဲနဲတော့ ကွန့်လိုက်ချင်သည်သာ.. အဖေက ဟိုဟာဆိုရင်လည်း ကြောက်ရ၍ အင်းမလုပ် အဲမလုပ် နေခဲ့သည်သာ….။ ပတ်ဝန်းကျင်ကလည်း ဒီလိုကွန့်တက်တဲ့ ကျွန်တော့်ကို ဘယ်တော့မှ မျက်နှာသာမပေးခဲ့သလို အဖေနဲ့အမေကလည်း ကြီးလာလေ ပိုချုပ်ချယ်လာတော့ ကျွန်တော့်ဗီဇကောင်းတွေ တက်တက်စင်အောင် ပျောက်ချင်းမလှ ပျောက်ကုန်တယ် ထင်တာပဲ...။ လုပ်ချင်တာ လုပ်ခွင့်မရတော့ လူတွေကို ရွဲ့ရင်းစောင်းရင်း ကြာလာတော့လည်း အကောင်းမမြင်တာရယ် လူတွေကို ဆန့်ကျင်ချင်တာတွေပဲ တိုးလာတော့ တယ်ဗျာ..။ ကျွန်တော် .. ( ) ပါ..။
``အပြင်မထွက်နဲ့ ``
``… … ဘာဖြစ်လို့လည်း အမေ ``
`ငါကြားတာ ရုတ်ရုတ် သဲသဲ ဖြစ်နေတယ်ဆိုပဲ.`...။ `အမေ…ဘာပြောတာလဲ.. ကျွန်တော် နားမလည်ဘူးဗျ` `နင်တော်တော် စကားရှည်တဲ့ ကောင်လေးပါလား..`..။
ကျွန်တော်ချစ်တဲ့ အမေ့ကို အဲလို ပြန်ကွန့်ရင် အမေစိတ်တိုတက်တာ သိပ်သိပေါ့..။ ကျွန်တော်ဆိုသည့် ကောင်က ငယ်ငယ်ကတည်းက ဖြစ်ချင်တာကို မရရအောင် လုပ်ချင်သည်သာ.. အမေက ဒါဆိုလည်း နဲနဲတော့ ကွန့်လိုက်ချင်သည်သာ.. အဖေက ဟိုဟာဆိုရင်လည်း ကြောက်ရ၍ အင်းမလုပ် အဲမလုပ် နေခဲ့သည်သာ….။ ပတ်ဝန်းကျင်ကလည်း ဒီလိုကွန့်တက်တဲ့ ကျွန်တော့်ကို ဘယ်တော့မှ မျက်နှာသာမပေးခဲ့သလို အဖေနဲ့အမေကလည်း ကြီးလာလေ ပိုချုပ်ချယ်လာတော့ ကျွန်တော့်ဗီဇကောင်းတွေ တက်တက်စင်အောင် ပျောက်ချင်းမလှ ပျောက်ကုန်တယ် ထင်တာပဲ...။ လုပ်ချင်တာ လုပ်ခွင့်မရတော့ လူတွေကို ရွဲ့ရင်းစောင်းရင်း ကြာလာတော့လည်း အကောင်းမမြင်တာရယ် လူတွေကို ဆန့်ကျင်ချင်တာတွေပဲ တိုးလာတော့ တယ်ဗျာ..။ ကျွန်တော် .. ( ) ပါ..။
(၂)
နေရာတာကတော့ သူများအထက်မှာပေါ့ဗျာ.. ဒါပေမယ့် ကျွန်တော့်ကိုယ် ကျွန်တော်သိတယ်.. ကျွန်တော် မလုံခြုံမှုတွေနဲ့ အမြဲဖြစ်ခဲ့လို့ လူ့ဘဝကြီးကနေတောင် ထွက်သွားချင်ခဲ့တာ အနီးစပ်ဆုံး အမေ အသိဆုံး..။ အဖေနဲ့ အမေက ကျွန်တော့ကို ကြီးလာရင် ကျားကျား ယားယားနှင့် အင်ဂျင်နီယာကြီး .. စစ်ဗိုလ်ကြီး.. ဆရာဝန်ကြီး… ဖြစ်စေချင်ခဲ့ပေမဲ့ ကျွန်တော် အဲဒီအလုပ်တွေကို နည်းနည်းမှ စိတ်မဝင်စားခဲ့ဘူး..။ စာတွေ အများကြီး ဖတ်.. နောက်..ခုံပေါ်မှာ တန်းစီထိုင်နေတဲ့ ကလေးတွေရှေ့ မှာ `ဆရာ `လို့ ခေါ်သံကို ကြည်ကြည်နူးနူး နားထောင်ရင်း ကလေးတွေ မေးသမျှကို စိတ်ရှည်လက်ရှည် ထိုင်ဖြေ.. အသိတွေ ပေးဝေဌတဲ့ ကျောင်းဆရာ ဖြစ်ချင်ခဲ့သူပါ..။
ဒါပေမယ့် မမြင်ရတဲ့ ကံတရားပဲလား.. ကိုယ်စီမံတဲ့ အခြေအနေတွေပဲလား ..အလှည့်အပြောင်းတွေအောက်မှာ .. ကျွန်တော့် အိပ်မက်တွေ ဘာတခုမှ ဖြစ်မလာ ခဲ့ဘူး…. ဘယ်သူကြောင့်လို့ ရမယ် မရှာတက်ပေမဲ့ အမေနဲ့ အဖေ့ရဲ့ စေတနာလား ဒါမှမဟုတ် ပယောဂ ကြောင့်လား ကျွန်တော်ရဲ့ အိပ်မက်တွေ ပျက်သုန်းခဲ့တယ်ပြောရင် ကျွန်တော် ငရဲကြီးမလား.. အဖေနဲ့အမေ..။ နောင်ကြုံမဲ့ဘဝထဲက တကယ့်ငရဲတော့ မသိဘူး... အခုကျွန်တော် ငရဲသားတပိုင်းပဲ.. မပျော်ဘူး.. လူတွေကြည့်တဲ့အကြည့်နဲ့ကို ပူလောင်နေတာပဲ..။ သူတို့ အကောင်း ကြည့်လည်း ကျွန်တော့်ဘာသာ မလုံဘူး.. တန်ဖိုးမဲ့သလို.. အနေရ ထိုင်ရခက်တယ်.. ဘာလုပ်လုပ်လည်း အဆင်မပြေဘူး.. အခုတော့လည်း သေတွင်း နဲ့ အဖော်လုပ်ချင်နေတာပဲ…. …။
(၃)
အဖေနဲ့ အမေက ရိုးအေးသူတွေပါ.. ဒါပေမယ့် သူတို့မှာ လိုချင်တာတွေ ဖြစ်ချင်တာတွေ ကျွန်တော်နဲ့ ပတ်သက်ရင် သိပ်များခဲ့တယ်..။ နောက်…မိဘတို့ရဲ့ ထုံးစံအတိုင်း မကြောင့်မကြပဲ လူတလုံးသူတလုံး ဖြစ်စေချင်ကြတယ်..။ ကျွန်တော့်ကို ချုပ်ချယ်မယ်.. ကြောက်အောင် ချောက်မယ်.. နောက် တားဆီးပိတ်ပင်တာတွေ မလိုအပ်ပဲ လုပ်ခဲ့ကြတယ်..။ ကျွန်တော့် အတွက် အခွင့်အရေးမှန်သမျှကို နားစွင့်ခဲ့ကြတယ်.. ။ ကျွန်တော်ပညာဆုံးတော့ ကျောင်းပညာက လွဲရင် ဘာမှ မသိခဲ့ဘူး.. ကျောင်းပညာ ဆိုတာကလည်း သိတဲ့အတိုင်း.. ဘာမှကုန်စင်အောင် ရေကုန်ရေခမ်း ရအောင်လိုက်လို့ ရတဲ့ ပံ့ပိုးမှုတွေ ရှိတာမဟုတ်တော့ တခါတော့ ဆရာ့ကို ဒီလိုပြောမိရဲ့..
` ဆရာရယ်.. ကျွန်တော် အခုသင်နေတဲ့ ဘာသာ အဆက်တွေကို ထပ်လေ့လာချင်တယ် ` ..
ဆရာက တလုံးတည်း ပြန်ပြောတယ်..
``ပေးတဲ့ဟာတွေကို သိရင် အားလုံးအိုကေပါပဲ`` ..တို့ခေတ်အဆက်ဆက် ဒီလိုပဲ သင်ခဲ့တာ ပစ္စည်းသစ်.. စာအုပ်သစ် ဆိုတာ လာဖို့ ခက်တယ်.. မင်း အဆက်အသွယ်ရှိရင် ရှာပေါ့ ….`` …တဲ့.... ။
ဘယ်လိုရှာမလဲဗျာ. .အဖေအမေက သာမာန်ဝန်ထမ်းတွေ.. အားကိုးလောက်တဲ့ အသိုင်းအဝန်းလည်း မရှိပါဘူး..။ ငယ်စဉ်ကတည်းက ကွန့်ရမှ နေသာထိုင်သာ ရှိခဲ့တဲ့ ကျွန်တော် ဆရာကြီးကို အကြာကြီးငေးကြည့်ပြီး ငါတော့ ဒုက္ခပဲလို့ အကြိမ်ကြိမ်ရေရွတ်ဖူးခဲ့တယ် ..။ အဲဒီတုန်းက ဆရာ့ကို မေးချင်တာတွေလည်း အများကြီး မေးခဲ့တယ်.. ဆရာကလည်း သူပြောသင့်တာတွေကို ထုတ်ပြောခဲ့ရာနေ ကျွန်တော် ကျောင်းဆရာ မဖြစ်ခဲ့တော့တာလည်း တွန်းအားတခု ပဲလား..။ အဲဒီအထဲမှာ အရေးကြီးဆုံးက .. ဆရာတကယ်လုပ်ချင်ရင် ထမင်းမဝတာကို သည်းခံရခြင်းထက် မလိုလားတဲ့ ကန့်သတ်မှုတွေ.. နောက် မပြည့်စုံမှုတွေ စိတ်ဆင်းရဲရမှုတွေ အပြင် ... .. ``မင်းဆရာဖြစ်လည်း ငါတို့အတိုင်းပဲ ဖြစ်မယ် ပီတိစားဖို့ဆိုတာ အင်မတန်ခက်တဲ့ အရာ`` ..ဆိုတဲ့ ဆရာကြီး ရဲ့ လက်တွေ့တရားတွေက ကျွန်တော့် အိပ်မက်ကနေ ဆွဲချခဲ့ကြတယ်.. လမ်းလွဲအောင် လုပ်ခဲ့ကြတယ် ဆိုရမယ်..။
(၄)
တနေ့ အဖေနဲ့ အမေ က ကျွန်တော့်ကို ကလေးတယောက်လို သူတို့ဖြစ်ချင်တာကို ပြောလာကြတော့ ကျွန်တော် လန့်ခဲ့တယ်… မဖြစ်နိုင်တာ.. ကျွန်တော် အဲလို အလုပ်တွေ ကို စိတ်မဝင်စားသလို မကျွမ်းကျင် တာ.. နောက် ကျွန်တော် ဘယ်လို အပြစ်မျိုးကိုမှ နောင်ဘဝအထိ မယူသွားချင်ဘူး..။ အဖေနဲ့ အမေက သူတို့ ဘက်က နေ ထုချေလွာတွေ တင်ခဲ့ကြတယ်.. လျောက်လဲချက်ကောင်းတွေ နဲ့ ကျွန်တော့်ကို နားချကြတော့ တယ်..။ ကျွန်တော်က အနေချောင် အစားချောင်ထက် အခုလိုမျိုး ကိုယ်မကျင်လည် ဘူးတဲ့ အရပ်မှာ ကိုယ်မလုပ်ချင်တဲ့ ကိစ္စတွေကို မလုပ်ချင်တာပဲ..။ ကျွန်တော်လူတွေနဲ့ စကားပြောတာ အမေးအမြန်းထူတဲ့ ဝါသနာ ဆိုတာက ကျွန်တော် စိတ်ဝင်စားမှု တွေအတွက်ပါ..။ အဲဒီအတွက် တဘက်လူမှာ ဘာမှာ ညှိုးငယ် ရမှု.. စိတ်ပင်ပန်းမှု.. ဆိုတဲ့ စိတ်ဖိစီးမှုတွေ မပါဘူး.. ကျွန်တော့် ကွန့်တက်မှုက လူတွေကို ဒုက္ခမပေးပေမဲ့ အခု အဖေတို့ ဖြစ်စေချင်တာက တမျိုး ဖြစ်နေခဲ့တယ်..။
ဒါပေမယ့် ဘွဲ့ရအတန်းပညာတက် လူတယောက်ကို ကလေးလို ဆက်ဆံတက်တဲ့ မိဘနှစ်ပါးရဲ့ ဆက်ဆံရေး အောက်မှာ ကျွန်တော် ဘာကိုမှ မလွန်ဆန်နိုင်ဘူး..။ နောက် ကျွန်တော် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် .. မိဘကို ဒုက္ခမပေးချင်ဘူး.. ကိုယ့်ဘာသာပဲ ကိုယ်ခံစားလိုက်မယ်.. ဖွင့်မပြောချင်ဘူး.. ကိုယ့်အတွက်က အမြဲတမ်းနောက်မှ ဖြစ်သွားတက်တယ်..။ ဒီလိုနဲ့.. နေကြဲကြဲတောက်ပူတဲ့ အခန်းကျဉ်းကျဉ်းထဲမှာ ကိုယ်မသိတဲ့သူတွေကို ထည့်ကာ မေးရမြန်းရ.. ချောက်ရ လှန့်ရ နဲ့ စိတ်တွေက အရာရာကို ဖိစီးခဲ့တယ်..။ လူလည်း အမြဲတမ်း မအီမသာ ဖြစ်လိုဖြစ်.. ငိုချင်တာလား.. ရယ်ချင်တာလားလဲ မကွဲပဲ.. စိတ်ဒုက္ခပေါင်းများစွာပိုက်ပြီး နေ့စဉ်ဘဝတွေကို ဖြတ်ကျော်ခဲ့ရတယ်..။ လောကကြီးထဲ ကျွန်တော် သည် ကျွန်တော် မဟုတ်လောက်အောင်ကို ဖြစ်ခဲ့ရချိန်တွင်.. ကျွန်တော် အရာရာကို လုပ်မိသည်.. အရက်.. ဖဲ… မိန်းမ.. ကြမ်းတမ်းမှု မျိုးစုံပေါ့ ….. ။ အခုဆိုရင် သားရဲ့ ဆရာတွေကိုတောင် ခန္ဓာကိုယ်ပေါ်က ဝတ်စုံ အားကိုးနဲ့ ဟောက်တက် ငေါက်တက်လာပြီ.. အမျိုးတွေကလည်း နဂိုကတည်းက ကျင်ချင်နေတာနဲ့ လမ်းတွေ့ရင် နုတ်မဆက်ကြတော့..
(၅)
မိန်းမကလည်း တစခန်း ထလာပေတော့သည်..။
` ရှင့်ကိုကြည့် တာ တော်တော်အဆင်မပြေဘူး ကိုယု.. စိတ်ကုန်လာပြီ ` တဲ့.. မောလာတဲ့ စိတ်ရယ် ရူပ်ထွေးနေတဲ့ စိတ်အဟုန်ကြောင့် ဘာမှမပြောပဲ စော်ထည့်လိုက်ကတည်းက မိဘအိမ်ကို ဆင်းသွားခဲ့တာ အခုထိ… ကလေးလည်း ကျွန်တော့်နားမကပ်.. အဖေ လူယုတ်မာလို့ ထင်နေဆဲ.. အဖေနဲ့ အမေက အတင်းပြန်လိုက်ခေါ်လည်း သူ ပြန်မလာခဲ့ပေ..။ ကျွန်တော့်ကို ဒီလို ရိုက်ဖို့ ဘယ်သူမှ မသင်ခဲ့ပေမဲ့ ကျွန်တော့် မသိတဲ့ လက်တွေ့ ဆရာတွေ ရှိနေခဲ့တယ်.. ကျွန်တော်ကိုယ်တိုင်လည်း ဝါရင့်လူမိုက် တယောက် ဖြစ်မှန်းမသိ ဖြစ်ခဲ့ပေါ့ ။ ကျွန်တော့်နာမည်ကို လူတွေကြားလို့ လန့်ရင်ပဲ မသိစိတ်က ပီတိဖြစ်တက်ခဲ့တာတွေလည်း အခုတော့ ကြက်ပျောက်ဌက်ပျောက်ပေါ့..။
(၆)
အခု ကျွန်တော် သေချင်နေတယ်.. သေလို့လည်းမရ.. မြေပေါ်မှာ အဖိုးတန် မဟုတ်တဲ့ လူညံ့ မဟုတ်တဲ့ လူမိုက် တယောက် ယောင်ခြောက်ဆယ် ဖြစ်နေတယ်.. ..။ ဝင်ုကြွေး ဆိုတာ ရှိ.. မရှိတော့လည်း ကျွန်တော် သေချာမသိ..။ သားတကွဲ မယားတကွဲ .. အဖေနဲ့ အမေလည်း မျက်ရည်စက်လက်.. ကျွန်တော်လည်း အရူးတပိုင်း .. ။ ပတ်ဝန်းကျင်ကလည်း ရွံ့ရှာနေသလို အကြည့်တွေနဲ့..။ ` ဒီကမ္ဘာမြေကြီးပေါ် မှာ ခင်ဗျားတို့ အသက်ရှင် ရပ်တည်နေတာ ဘာအတွက်လဲ.. ဘယ်သူအတွက်လဲ.. တိုင်းပြည်ကို ခင်ဗျားတို့ ဘာလုပ်ပေးပြီးလို့လဲ `လို့.. နှစ်ပေါင်းများစွာ လူပေါင်းများစွာကို မေးခဲ့သူ.. .. အခုတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်မေးမိတယ် `` ငါ ဆိုတဲ့ ကောင် လောကကြီးထဲ ရှိသင့်ပါရဲ့လား``လို့..။
(.. ခရီးမထွက်ခင်က ရေးထားတဲ့ ဝတ္တုလေးပါ..။ ကျွန်မရဲ့ဇာတ်ကောင်ကို သိပ်မနိုင်ပါဘူး ..။ ထပ်မပြင်ချင်တော့တာနဲ့ တင်ပေးလိုက်ပါတယ်.... )..။
မဗေဒါ (၈၈)
၂၄.၀၇.၂၀၁၀
7 ဦး၏ဆွေးနွေးချက်:
မမ မဗေဒါရေ.. ဝတ္ထုလေးကို ဖတ်သွားပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း... ပြန်မေးကြည့်မိပါတယ်......
ပရုပ်စီလေး ရတုန်းမို့ အပြေးအလွှားဖတ်သွားရတယ်.. သိပ်မကြာခင်မှာပဲ ပရုပ်စီက မရတော့ဘူးဖြစ်တော့မှာမို့ အမြဲ လာမဖတ်နိုင်တာကိုတော့ ခွင့်လွှတ်နော်....
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
လာရောက်အားပေးသွားပြန်သေးသပေါ့လေ၀တ္ထုရေး
ဖြစ်တယ်နော်၊ သို့သော် ဆင်ဆာကမကြိုက်ဘူး ကပ် ကြေးစားလေးထည့်ရေးပေးပါ....။
လာရောက်အားပေးသွားပြန်သေးသပေါ့လေ၀တ္ထုရေး
ဖြစ်တယ်နော်၊ သို့သော် ဆင်ဆာကမကြိုက်ဘူး ကပ် ကြေးစားလေးထည့်ရေးပေးပါ....။
မဗေဒါ ရေ
ကိုယ်တိုင် ရေးစာလေး လာဖတ်သွားတယ်နော် ဖတ်လို့ကောင်းပါတယ် မဗေဒါ က ကိုယ့် ဇာတ်ကောင် ကိုယ်မနိုင် သလို အပြင်မှာလည်း ကိုယ့် ဇာတ်ကိုယ် မနိုင်တဲ့ လူများ အများကြီးဘဲ
ခင်မင်တဲ့
ရွှေစင်ဦး
အစ်မဗေဒါရေ..ဝတ္ထုလေး လာဖတ်သွားပါတယ်..။
အင်း..ဝတ္ထုထဲက ဇာတ်ကောင်က ဘာအလုပ်ကို ရွေးချယ်
ခဲ့ရပါလိမ့် နော်..။
မဗေဒါရေ...
ဒီလူမိုက်အကြောင်း ဆက်ရေးပါလား...
မဗေဒါ မပြောနဲ့ ဇာတ်ကောင်က သူ့ ဟာသူတောင် မနိုင်တော့ဘူး.. စိတ်ကူးကောင်းတယ်..ဆက်ရေးပါ..
ခင်မင်လေးစားပါတယ်
မိုက်မဲတဲ့သူက မိုက်မဲမှန်းပြန်သိလာရင် အဲဒါ လူတော်ဘဲတဲ့။ ဘုရားရှင်လက်ထက်က အင်္ဂုလိမာလလောက် မမိုက်ချင်တော့နဲ့။ သူ့အမေအရင်းကိုတောင် သတ်ဖို့ကြံစည်ခဲ့သေးတာ။ နောက်ပိုင်းကျတော့လဲ အသိတရားရလာပြီး ရဟန္တာအရှင်မြတ်ကြီးတောင် ဖြစ်သွားလေရဲ့။
ဆက်လက်ရေးပါ။ ဒါမျိုးလေးတွေက ပိုဖတ်လို့ကောင်းပါတယ်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
Post a Comment