Sunday, July 25, 2010

နာမည်အတု အစစ်ဖြင့် ဝင်ရောက်ကာ ဆွေးနွေးကြတဲ့ ကျေးဇူးရှင်ကြီးများ..

မဗေဒါ ရေးခဲ့တာတွေမှာ မှားတယ်ဆိုလည်း ဘာမှားလည်း.. ဆိုတာ ယဉ်ကျေးစွာ ထောက်ပြ ဆွေးနွေးပါက လက်ခံကြိုဆိုပါသည်..။ သို့မဟုတ်ပဲ.. ရန်ရှာခြင်းမျိုး… ဆဲဆိုခြင်းမျိုး..ခြိမ်းခြောက်ခြင်းမျိုး.. အစရှိတဲ့ စာလာဖတ်သူများ စိတ်အနှောင့်အယှက် ဖြစ်စေသည့် အသုံးအနှုန်းများဖြင့် စော်ကားပါက မဗေဒါ တုံ့ပြန်မည် မဟုတ်သလို ဦးနှောက်ထဲလည်း ထည့်သွင်း စဉ်းစားမည် မဟုတ်ပါ..။ ပြဿနာများ မြန်မာပြည်တွင် နည်းမျိုးစုံဖြင့် တည် ရှိနေသည်.. ထို့အတွက် ဖြေရှင်းနည်း ကို ပဲ မဗေဒါ တို့အားလုံးလိုအပ်သည်..။

ကရင်က ဗမာကို ဆဲဆဲ.. မွန်က ကရင်ကို ဆဲဆဲ မဗေဒါ လက်မခံပါ..။ မဗေဒါ ရေးခဲ့ခြင်းသည် ဆဲဖို့မဟုတ်… ဗမာ မဟုတ်သည့် ကျန်တိုင်းရင်သားများအရေးကို သိသည်…။ သို့သော် တချို့ကိစ္စများက အထောက်အထား ခိုင်လုံရန်လိုသည့်အတွက် မိမိစဉ်းစားခဲ့သည့် စဉ်းစားချက် နှင့်… ရိုးရိုးသာမာန် ဗမာများအပေါ် အထင်မလွဲကြစေရန် ..ရည်ရွယ်ခြင်း ဖြစ်သည်..။ (ဒါက အရင် ကွဲပြားစေချင်သည် မှ ဆိုလိုရင်း)

မဗေဒါကို နအဖ စစ်တပ်မှ နှိပ့်စက်ခံရသည့် ပုံများ လာပြသည့်အတွက် ကြည့်ပါသည်..။ စိတ်မကောင်းပါ… ဝမ်းနည်းသည်.. အထူးသဖြင့် တိုက်ရိုက်မပတ်သက်သည့် သူများကို နှိပ့်စက်ခြင်းများသည် ရင်ကို လောင်မြိုက်စေပါသည်..။ ဒီံ့ထက်မကသော အခြေအနေမျိုးများလည်း ကြားဖူးသည်.။ . မိမိ လုပ်ခဲ့သော လုပ်ငန်းများတွင် သက်ဆိုင်ရာများကို တင်ပြဖူးသည်..။ ( မြန်မာ အာဏာပိုင်များ အပါအဝင်…။ မြန်မာကိုယ်စားလှယ်များပင် ဤသို့ဖြစ်နေသည်ကို အကြောက်အကန်ငြင်းသူရှိသလို… ပေးသည့် အစီရင်ခံစာကို မဖတ်ရဲသူပင် ရှိသည်..။)

မဗေဒါ ဆိုလိုသည်မှာ ဘာကြောင့်ပုံတွေ ပြသနည်း… ဘာကြောင့် စာတွေ ရေး၍ နိုင်ငံတကာ မိသားစုတွေ သိအောင် လုပ်ကြသနည်း…။ အဖြေကား ရှင်းရှင်းလေး… စစ်အစိုးရ နောင် ဆက်မလုပ်ရအောင်… ဒါပဲ.. လိုချင်သည့်အဖြေ…။ ဘယ်သူ ကိုယ်ချင်းစာနာသည်ဖြစ်စေ မစာနာသည်ဖြစ်စေ.. မြန်မာပြည်တွင် မှီတင်းနေထိုင်သော တိုင်းရင်းသားများနှင့် အခြားသော လူမျိုးများ ကို မနှိပ့်စက်နှင့်.. ခွင့်မပြုပါ..။ ထိုကြောင့် မိမိနားလည်သည်မှာ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို ရပ်တန်းက ရပ်စေခြင်းသည် ကျွန်မတို့ ယနေ့ကြီးကျယ်စွာ ဆွေးနွေးပြောဆို နေကြသော အဓိက အကြောင်းအရင်း ဖြစ်သည်..။

ထို့ကြောင့်… အပြန်ပြန်အလှန်လှန် အငြင်းခုံ လုပ်နေခြင်း … တယောက်အပေါ် တယောက် ( လူမျိုးတစုက တစုအပေါ် စော်ကားခြင်း ) သည် အဖြေမှန်မဟုတ်..။ ယခု လက်ရှိနေထိုင်နေသော အရပ်တွင် ကျွန်မတို့ ထိတွေ့ဆက်ဆံနေရသော မြန်မာပြည်သား အခြင်းခြင်းကြား နားလည်မှုများ..ရင်းနှီးမှုများ.. သည်းခံမှုများ… စည်းလုံးညီညွတ်မှုများဖြင့် ကျွန်မတို့ မဖြစ်စေချင်သော မမြင်ချင်သော အခြေအနေဆိုးများ အောက်မှ လွတ်မြောက်အောင် ကျိုးစား ကြခြင်းသည်.. လက်တွေ့လည်းကျ… စိတ်လည်း ချမ်းသာမည်ဟု မဗေဒါ မှတ်ယူပါကြောင်း စာလာရေးနေသည့် အတုအစစ် ဆွေမျိုးတော်များကို အသိပေးပါသည်..။

မဗေဒါ (၈၈)
26.07.2010

17 ဦး၏ဆွေးနွေးချက်:

Unknown said...

မဗေဒါ..စီဘောက်ထဲမှာကျွန်တော်တို့ရိုင်းစိုင်းတာရေးမိသလားဆိုပြန်ကြည့်ရင်သိနိုင်ပါတယ်။ဝေဖန်တာမခံနိုင်ရင်ဘလော့မရေးပါနဲ့။ဘလော့ရေးသားခြင်းရပ်လိုက်ပါ။

မဗေဒါကို နအဖ စစ်တပ်မှ နှိပ့်စက်ခံရသည့် ပုံများ လာပြသည့်အတွက် ကြည့်ပါသည်..။ စိတ်မကောင်းပါ… ဝမ်းနည်းသည်.. အထူးသဖြင့် တိုက်ရိုက်မပတ်သက်သည့် သူများကို နှိပ့်စက်ခြင်းများသည် ရင်ကို လောင်မြိုက်စေပါသည်..။
ဟန်ဆောင်ပြီးရင်ကိုမလောင်မြိုက်ပါနှင့်။..
ပြောကြားလိုပါသည်ဘလော့ေ၇းသားခြင်းကိုရပ်လိုက်ပါ။တခြားသောနိုင်ငံရေးဆိုဒ်များတွင်မည်သို့ပင်ရိုင်းစိုင်းစေကာမူဘန်းသောသူရှားပါသည်.။ဒီမိုကရေစီလုပ်နေတယ်အမည်ခံပြီးစစ်အာနာရှင်လုပ်နည်းအတိုင်းမလုပ်ပါနှင့်မြန်မာပြည်တွင်နိုင်ငံရေးဆိုဒ်များကိုဘန်းထားပါတယ်။မဗေဒါလဲထို့အတူဖြစ်နေတယ်။ဒီမိုကရေစီဆန်စမ်းပါ။ဒီမိုကရေစီမဆန်ဘူးဆိုရင်တော့လေလုံးထွားပြီးသူများယောင်တိုင်းလိုက်ယောင်ပြီးနိုင်ငံရေးစာပေတွေကိုခုတုံးလုပ်မရေးသားပါနဲ့။ဘလော့ရေးသားခြင်းရပ်လိုက်ပါ။
ခြင်္သေ့။
ဒီကွန်မန့်ကိုလဲမဗေဒါတင်ပါ့မလားဆိုတာကြည့်ရတာပေါ့ဒီမိုကရေစီအမည်ခံသူမမေဗဒါရယ်။
ခြင်္သေ့

mabaydar88 said...

ဟေး မောင်ခြင်္သေ့

မင်းက ဘယ်သူ့ကို ကိုယ်စားပြု ပြောနေတာလဲ.. မင်း ရေးထားတာတွေ တခါမှ တို့မဖျက်ဘူး.. အကုန်တင်ပေးတယ်.. နောက်ကျတာပဲ ရှိရမယ်..။

မင်း ချန်ခဲ့တဲ့ လင့်ကို ဖျက်လိုက်တယ်.. မကြိုက်လို့ မမြင်ချင်လို့.. ရှင်းရှင်းပြောရင် အရိုင်းအစိုင်းရေးထားတာမို့..။ နောက် တို့အခွင့်အရေးမို့..။

ချစ်စကို ရှည်စေချင်ပါတယ်..။

မဗေဒါ

Unknown said...

ဘယ်သူကိုကိုယ်စားပြုပြောရမလဲမဗေဒါကိုပြောနေတာဗျ။
ကျွန်တော်ချန်ခဲ့တဲ့လင့်ကတူနေလို့မေးတာပဲရှိတယ်။
ကျန်သောအရေးအသားကမရိုင်းစိုင်းဘူး။
ဟဟအခွင့်အရေးဘန်းပြပြန်ပြီ။ဒီမိုကရေစီလိုလားသူ။
အိုကေကျွန်တော်တို့ကလဲစာဖတ်သူအခွင့်အရေးအရဆက်လက်ဝေဖန်ရမှာပဲ။အရေးအသားတွေသေချာစီစစ်ပါ။အဲလိုမှမဟုတ်ရင်တော့ဘလော့ရေးသားချင်းရပ်ပါဗျာ။
ခြင်္သေ့

SHWE ZIN U said...

မဗေဒါ ရေ

လာဖတ်တာနောက်ကြသွားတယ် ဒို့ တွေကတော့ တိုင်းရင်းသား အားလုံး တင်မကဘူး လူမျိုးတိုင်း ဟာ လူတွေ ပါဘဲလို့ မြင်တယ်နော်

မဗေဒါ အလုပ်လုပ်တာ ပင်ပန်းနေလား အဆင်ရော ပြေရဲ့လား အဆင်ပြေပါစေလို့ ဆုတောင်း လိုက်တယ်နော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Myanmar Good Knowledg Co., Ltd said...

မဗေဒါရေ
ခင်မင်စွာဖြင့် စာလာဖတ်ပါတယ်။

အစ်မရွှေစင်ဦးပြောသလိုပဲ ဘာလူမျိုးပဲဖြစ်ဖြစ် လူသားတွေအဖြစ်ပဲ မှတ်ယူပါတယ်။

ကျွန်မတို့ရဲ့ တန်ဘိုးရှိတဲ့ လူ့ဘ၀ကို ပျော်ရွှင်စွာ နဲ့ ကြိုးစားရုန်းကန်သွားကြတာပေါ့နော်။

An Asian Tour Operator said...

တကယ် တော့ အားလုံး က ညီအစ်ကို မောင်နှမ ချည်းဘဲ။ အရင်းနဲ့ ၀မ်းကွဲ ပဲကွာတယ်။

mg said...

မဟာ ဗမာ မဟာဗမာ လို့သုံးနေတာဟာ ကျုပ်တို့ ဗမာတွေဘယ်သူတစ်ယောက်မှ မသုံးပါဘူး...သုံးတဲ့သူရှိရင် တစ်စိတ်လောက်ပြစမ်းပါ...ဒီစကားလုံးတွေဟာ အစွန်းရောက် ပြည်ပရောက် ကရင်အချို့တွေက ပြောနေ သုံးနေကြတာပါ...သူတို့ကပြောလိုက်ရင် မဟာ ဗမာ ဆိုတာကြည့်ပဲ သိမ်းကြုံးပြီးပြောလေ့ရှိတယ်...နအဖကို မကျေနပ်ရင် နအဖကိုပဲပြောစေချင်တယ်...ကျုပ်တို့ KNUကိုပြောရင် KNUကိုပဲခေါင်းစဉ်တပ်ပြောပါတယ်...ကရင်လူမျိုးတွေဆိုပြီး ၀ါးလုံးသိမ်းပြီး ဘယ်တော့မှမပြောပါဘူး...သာမာန်လူထဲကဆိုရင်တောင်မှ ကရင်(အချို့)ဆိုတဲ့ အားလုံးကိုမဆိုလိုပဲ (အချို့)ဆိုတဲ့စကားလုံးကို အမြဲ သတိမပြတ်ထည့်ပြောလေ့ရှိပါတယ်...ကျုပ်တို့က ခွဲခြားပြီးခေါ်ဝေါ်လေ့မရှိပါဘူး...အားလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက် မင်းကဘာလူမျိုး ငါက ဘာလူမျိုးဆိုပြီး ခွဲခြားပြောတတ်တဲ့အကျင့်မရှိပါဘူး...

အဲဒီအစွန်းရောက် ကရင်(အချို့)ကသာလျှင် ဗမာ ဆိုပြီး လူမျိုးတစ်ခုလုံးကိုသုံးပြီးစော်ကား ရိုင်းစိုင်းနေတာတွေ သူတို့ ကရင်ဘလော့ စီဘောက်တွေမှာ အမြဲတွေ့နေရတယ်...တကယ်တော့ လူမျိုးရေးခွဲခြားပြောနေတာ သူတို့ပဲဖြစ်ပါတယ်...ကျုပ် ဗမာတောင်မှ ကိုယ့်ကိုယ်ကို ဗမာလို့တောင်မသုံးနှုံးဘူး...တိုင်းရင်းသားအားလုံးကိုယ်စားပြုတဲ့ မြန်မာကိုပဲ အမြဲသုံးလေ့ရှိပါတယ်...တိုင်းရင်းသားအားလုံးကို လူမျိုးစုခွဲခြားပြီးမြင်တတ် ပြောတတ်တဲ့အမြင် ကျုပ်တို့မှာမရှိဘူး...ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ် မြန်မာလူမျိုး မြန်မာနိုင်ငံသားအဖြစ်ပဲမြင်ပါတယ်...

တိုင်းရင်းသားအားလုံးကို လူမျိုးစုနာမည်တွေခွဲခြားပြီး မင်းတို့ ဗမာတွေက ဘယ်လို ငါတို့ ကရင်တွေကဘယ်လိုစသဖြင့်
သွေးခွဲတတ်တဲ့စကားလုံးအပြောဆိုတွေပြောမယ့်
အစား အားလုံးကို ငါတို့ဟာ မြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက် မြန်မာလူမျိုးတွေအဖြစ်နဲ့မြင်ပြီးပြောဖို့ဆိုဖို့ လိုတဲ့အကြောင်း အစွန်းရောက် ကရင်(အချို့)ကို ပြောချင်တယ်...

ကျုပ်တို့ ဗမာတွေက တိုင်းရင်းသားအားလုံးဟာ ယဉ်ကျေးပျူငှာပြီး ချစ်စရာကောင်းတဲ့ဓလေ့ထုံးတမ်းတွေနဲ့ သဘောကောင်းတဲ့သူတွေအဖြစ် ဟိုး ဘိုးဘွားလက်ထက်ကတည်းကနေ အခုချိန်ထိ မြင်နေမိ သတ်မှတ်ထားတာကို ခင်ဗျားတို့ အစွန်းရောက် ကရင်(အချို့)ကြောင့် မမှေးမှိန်စေပါနဲ့...

Zay Tar Yar said...

Everyone is entitled to all the rights and freedoms set forth in this Declaration, without distinction of any kind, such as race, color, sex, language, religion, political or other opinion, national or social origin, property, birth or other status. Furthermore, no distinction shall be made on the bases of the political, juriscictional or international status of the country or territory to which a person belogs, whether it be incependent, trust, non-self-governing or under any other linitation of sovereignty.
ဗေဗေရေ လူအခွင့်ရေးကြေညာစာတမ်းအပိုဒ်ရေနှစ်ပါ
အားလုံးဟာလူသားတွေမို့ အားလုံးနားလည်မှုရှိရှိ ယဉ်
ကျေးသိမ်မွေ့သော အပြုမူတို့ဖြင့် ရေးသားဆက်ဆံကြ စေလိုပါကြောင်း

mabaydar88 said...

လာရောက်ကာ ဆွေးနွေးပေးသူများ

လူ့အခွင့်အရေး အားလုံးကို လူမျိုး..ဘာသာ.. ယုံကြည်မှု ...စတာတွေပေါ် အခြေမခံပဲ တန်းတူ ထား ဆက်ဆံ ခြင်း သည် အင်မတန်ကောင်းမြတ်သော တန်ဖိုးဟု မဗေဒါ စွဲမြဲစွာ ယုံကြည်သူဖြစ်ကြောင်း ပြောချင်ပါသည်..။

မဗေဒါ ရဲ့ တကိုယ်ရေ သဘောထားကတော့ ဘယ်လိုလူမျိုးကိုပဲ ဖြစ်ဖြစ် ပေါင်းသင်းလို့ ရပါတယ်.. ဒီဥရောပမှာ လူအများစု မကြိုက်တဲ့ အစ္စလာမ် ဘာသာဝင် ( ဥပမာ ဆိုးမားလီး) တွေတောင် မဗေဒါ ပေါင်းတက်ခင်တက်ပါတယ်..။ လူတယောက်... တစုရဲ့ အားနည်းချက်ကြောင့် အကုန်သိမ်းကြုံးပြီး မှတ်ချက်မချတက်ပါဘူး..။ အထူးသဖြင့် လူတွေအပေါ် အပြု သဘောဆောင် ကြည့်တဲ့စိတ်များပါတယ်..။

မြန်မာပြည်သားဆိုလည်း မျိုးချစ်စိတ်နဲ့ အားလုံးကို ခင်မင်စွာ ဆက်ဆံလေ့ရှိပါတယ်.. အထူးသဖြင့် မသိမတက် နားမလည်တဲ့ တိုင်းရင်းသားတွေနဲ့ ဆုံခဲ့ရင် တောင် သူ လိုအပ်နေတဲ့ အကူအညီမျိုးကို တက်နိုင်ရင် လုပ်ပေးလိုက်ဖို့ ဝန်မလေးသူပါ..။ နောက်တခုက လူတယောက်ကို မြင်တာနဲ့ ဘာလူမျိုးလဲဆိုတာ မဗေဒါ စိတ်မဝင်စားတက်ပါဘူး..။

ဆိုတော့ ကိုယ်က ကောင်းတဲ့ သဘောထား ထားနိုင်ပေမဲ့ ကိုယ့်အပေါ်မှာ အမြင်စောင်းသူကိုလည်း ဗွေမယူပါဘူး.. သူ မသိလို့ပဲ မှတ်ချက်ထားပါတယ်..။ ဒီ့အပြင် မပိုပါဘူး.. ဒါပေမဲ့ မဗေဒါ တယောက်ထဲကို မဟုတ်ပါပဲ လူမျိုးနဲ့ ချီပြီး အကျိုးအကြောင်း ပြောတာမျိုး..မဟုတ်ပါပဲ စော်ကားတဲ့ အစွန်းသမားဆိုရင်တော့လည်း လူသားမဗေဒါ မခံချင်ပါဘူး..။

မဗေဒါ အဓိက ယုံကြည်တာ တခုကတော့ .. အငြင်းအခုံလုပ်ခြင်းဖြင့် ပြဿနာတွေ ပြီးသွားမယ်လို့လည်း မယုံကြည်တာကြောင့် လက်တွေ့ ဘဝလေးထဲကနေပဲ အကောင်းဆုံး နားလည်မှုတွေ ဘယ်လို လုပ်ကြ တည်ဆောက်ကြမလဲ ဆိုတာကိုပဲ ကျိုးစားလုပ်ဆောင်ချင် သူဖြစ်ပါတယ်... ။။

မဗေဒါ

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by the author.
★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

အစ်မရေ

မြန်မာ့နိုင်ငံရေးသမားတွေက တကယ်ရယ်စရာကောင်းပါတယ်။ မြတ်ဗုဒ္ဓနဲ့ မြတ်ဗုဒ္ဓ၏ တရားဓမ္မတွေကို ပေါက်ကရတွေလျှောက်ရေးရင် လွတ်လပ်စွာ ဝေဖန်တာမိုလို့ ကျုပ်တို့က ဘာမှ ဆန့်ကျင်ခွင့်မရှိဘူးဆိုပြီး နိုင်ငံရေးသမားတွေက ပြောဆို ဆုံးမကြပါတယ်။ အမှားတွေပြောနေလည်း မသိဟန်ဆောင်ရမယ်ဆိုပဲ။

အဲလိုကျုပ်တို့ကို ပြောဆိုဆုံးမနေတဲ့ နိုင်ငံရေးသမားတွေကတော့. . . . 9/11တရားခံအစစ်ဟာ ဘယ်သူလဲဆိုတာ မဆွေးနွေးစေချင်ဘူး။ ဆေးလုပ်ငန်းတွေ မသမာမှုတွေ လုပ်နေတာကို မဆွေးနွေးစေချင်ဘူး။ ဒီမိုမီဒီယာတွေ လိမ်ညာနေတာကို မဆွေးနွေးစေချင်ပါဘူး။ အိုဘာမားတို့ ဘုရှ်တို့ပါးစပ်က New World Order ထုတ်ပြောခဲ့ပေမယ့် အဲဒီကိစ္စကို မဆွေးစေချင်ပါဘူး။ အဖြူအစိုးရတွေ လူသတ်တဲ့ ကိစ္စတွေကို မဆွေးနွေးစေချင်ပါဘူး။ မွတ်ဆလင်ဝါဒ အကြောင်းကို မဆွေးနွေးစေချင်ပါဘူး။ (မုဒိမ်းကျင့် လူသတ်ပြီး ၊ သူများဘာသာကို စော်ကားခဲ့တဲ့ မိုဟာမက်ကို စံနမူထားတဲ့ မွတ်ဆလင်တွေကို ဘာကြောင့် လူကောင်းလို့ မြင်သလဲလို့ မေးရင်.. အစ်မတို့မှာ အဖြေမရှိပါဘူး) မြတ်ဗုဒ္ဓလိုအနှိုင်းမဲ့ကို ဝေဖန်တာ နှစ်သက်ပေမယ့် . . . အစ်မတို့ခေါင်းဆောင်လို့ သဘောထားတဲ့သူတွေကို (ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေ) ထောက်ပြဝေဖန်ရင် အရမ်းကို ဒေါသထွက်ကြတယ်။ ပင်လုံစာချုပ် ကိစ္စလဲ ကြောင်းကျိုးဆက်စပ်ပြီး ပြောတာမျိုးကို မကြိုက်ဘူးတဲ့။ အခုလည်း တိုင်းရင်းသားအချင်းချင်း နှိမ်ချခွဲခြားနေတဲ့ ပြဿနာကို အမှန်အတိုင်း မဆွေးနွေးစေချင်ကြပါဘူး။ ကျုပ်တို့ကို ဆိုဆုံးမနေတဲ့ နိုင်ငံရေးသမားတွေ မတို့ မထိရဲ့တဲ့ အကြောင်းအရာတွေက သိပ်ကို များသကိုး။

စာအုပ်ထဲက စကားလုံးလှလှလေးတွေကို မသုံးပဲ ကိုယ်ပိုင်ဥာဏ်နဲ့ပြောဆိုနေတဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

Unknown said...

ကောင်းလိုက်လေ..ဖြေရှင်းချက်တွေ..ဆရာဇော်မျိုးပြောဆိုရေသားသည်များထောက်ခံပါသည်။ နိုင်ငံရေးသမားတော်တော်များများဒီလိုပဲ။ကြုံတွေ့ခဲ့တာတစ်ခုရှိတယ်။နိုင်ငံရေးအစည်းအဝေးဆိုတာဘာလဲဆိုလို့တက်ဘူးပါတယ်။ခေါင်းဆောင်ပိုင်းနေရာကိုလုနေတာပဲ။အငြင်းအခုန်ပေါင်းများစွာဘယ်သူရသင့်တယ်၊ဘယ်သူကဒီနေရာရသင့်တယ်နဲ့ငြင်းခုန်နေတာ၊အပြန်အလှန်ဘာများလဲလို့ဟဲဟဲ၊နေရာလုနေတာကိုး၊ဒါလားမြန်မာနိုင်ငံရေးလုပ်နေတာ၊ဒီလိုလူတွေကိုသာနိုင်ငံတော်အုပ်ချုပ်ခိုင်းလိုက်ရင်၊လက်ရှီဦးသန်းရွေအုပ်ချုပ်တာထက်ပိုဆိုးသွားနိုင်တယ်။အဲအစည်းအဝေးပြီးတော့ဘာလုပ်တယ်ထင်သလဲ။နိုင်ငံခြားတိုင်းပြည်တွေကထုတ်ပေးထားတဲ့ထောက်ပံငွေတွေနဲ့အရက်ဝိုင်းထောင်ဝိုင်းဖွဲ့သောက်နေကျလေရဲ့။မြင်လို့မှမကောင်း။ယုံကြည်စရာတကွက်မှမတွေ့။ပြောလိုက်ရင်တော့ဗိုလ်ချုပ်နဲ့အောင်ဆန်းစုကြည်ကိုပါးစပ်ဖြားကမချဘူး။ဒီမိုကရေစီတဲ့ဘာလဲဒီမိုကရေစီ။(၀)မရှိပဲ(၀ိ)လုပ်နေကျတာတွေ။အရေးအသားတွေဆင်ခြင်ပါဗျာမဗေဒါ။သိပ်လဲတစ်ဖက်စွန်းမရောက်ပါနဲ့။
ခြင်္သေ့

Unknown said...

့ပင်လုံစာချုပ်မှာ ခွဲထွက်ခွင့်ပေးထားတယ် ဒါကို ဗိုလ်ချုပ် ကိုယ်တိုင်လုပ်ခဲ့တဲ့အတွက် မျက်စိမှိတ်ထောက်ခံတယ်ဆိုရင် အဲဒီ တိုင်းရင်းသားတွေကို ခွဲထွက်ခွင့်ကိစ္စကို ဘယ်လိုဖြေရှင်းပေးမလဲ?ပင်လုံစာချုပ်မှာ ဗိုလ်ချုပ် လုပ်ခဲ့တာပဲဆိုပြီး ၁၀၀ ရာနှုံးမျက်စိမှိတ်ယုံကြည်နေတဲ့သူတွေ အတွက်ပါ...


အခြေနေနဲ့အချိန်အခါလိုက် မဖြစ်မနေမို့ လွတ်လပ်ရေးအတွက် အဓိကထားနေလို့ အခြေနေအရ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့တာကို ဗိုလ်ချုပ်လုပ်သမျှ အကုန်ထောက်ခံနေတာတော့ မဖြစ်သေးဘူး..လူတိုင်းမှာ အမှားဆိုတာ ရှိမယ်..ဗိုလ်ချုပ်လည်း လူထဲက လူတစ်ယောက်ပဲမဟုတ်လား....

Nge Naing said...

ဂျောက်ဂျက် ပြောတာကို နည်းနည်းဆွေးနွေးချင်ပါတယ်။ ကျွန်မ ဒါကို ဒီဘလော့ဂ်မှာမို့ ၀င်ပြောဖြစ်ပါတယ်။ ကျေးစေတမန်တို့ ပိတောက်မြေတို့မှာဆိုရင် ပြောဖြစ်မယ်မထင်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံစာချုပ်ကို ချုပ်ဆိုတာ ဂျောက်ဂျက်ပြောတဲ့အတိုင်းဆို လွတ်လပ်ရေးအတွက် တိုင်းရင်းသားတွေကို အယုံသွင်း ကလိမ်ကျစ်ကျပြီး ချုပ်ဆိုလိုက်သလို ဖြစ်နေတယ်။ ဒါဟာ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို လုံးဝအထင်သေးရာ ရောက်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားတွေအပေါ်မှာ လုံးဝ ရိုးသားပါတယ်။ ဗမာတွေက ပင်လုံစာချုပ်ကို အဲသည်လိုသာ လက်ခံထားတယ်ဆိုရင် တိုင်းရင်းသား အတော်များများ ထင်သလို ဗမာတွေလူလည်ကျတယ်ဆိုတာ လုံးဝမှန်သွားပါလိမ့်မယ်။ အမှန်က ဗိုလ်ချုပ်အောင်ဆန်းက လူလည်ကျတာမဟုတ် တကယ်ညီညွတ်ရေးကို ဦးတည်ပြီးချုပ်ဆိုခဲ့တာသာ ဖြစ်တယ်။ ဖက်ဒရယ် ပြည်ထောင်စုရဲ့ သဘောသဘာဝအရ ဖွဲ့စည်းပုံအပေါ် မူတည်ပြီး ခွဲထွက်ခွင့် ဆိုတာပါနိုင်ပါတယ်။ ဒါပေမဲ့ ပေါင်းစပ်တယ်ဆိုကတည်းက တကယ်ကိုသာတူညီမျှ ဖြစ်ချင်လို့ ညီညွတ်ချင်လို့ ပေါင်းစပ်ကြတာသာ ဖြစ်တဲ့အတွက် တန်းတူညီမျှမှုသာ ရှိရင် ဘယ်သူမှ ခွဲထွက်ဖို့ကို ဦးတည်မှာ မဟုတ်ပါဘူး။ တန်းတူညီမျှတဲ့ ဖက်ဒရယ်ပြည်ထောင်စုတွေ အားလုံးက ဘယ်နိုင်ငံမှာမှ ခွဲထွက်ဖို့ မကြိုးစားဘူး။ လက်ရှိ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ တောင်းဆိုနေတာ ကိုယ်ပိုင်ပြဌာန်းခွင့်သာ ဖြစ်ပြီး ခွဲထွက်ခွင့် မဟုတ်ပါဘူး။ တကယ်လို့ ပြည်ထောင်စု ပြိုကွဲမယ်ဆိုရ်င စစ်အာဏာရှင်တွေကြောင့်သာ ဖြစ်နိုင်ပါတယ်။ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသားတွေကြားမှာ ပြည်ထောင်စုကြီးကမခွဲထွက်ဘဲ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရမည့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို အတူတည်ဆောက်ကြမယ်ဆိုတာ မဲသဝေါထ စာချုပ်မှာ သဘောတူထားပြီးသား ဖြစ်ပါတယ်။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by the author.
★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by the author.
★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့
မငယ်နိုင်

ကလိမ်ကကျစ်ဗိုလ်ချုပ် တပည့် ဂျောက်ဂျက်ကို လူလိုသဘောထားပြီး ပြောဆိုနေတာ သိပ်တော့ မဆန်းပါဘူး။ တစ်ယောက်က ဗိုလ်ချုပ်တွေ ကလိမ်ကကျစ်လုပ်တာကို အရှက်မရှိပဲ မျက်ကန်းထောက်ခံတဲ့ လူမလေးခွေးမခန့် စစ်ဗိုလ်။ အစ်မက အဖြူကို ထိရင် ဆတ်ဆတ်ထိမခံတဲ့ အဖြူကိုးကွယ်သူ။ အတူတူနဲ့ အနူနူတွေချည်းပဲ။

အစ်မရေ. . ဗိုလ်ချုပ်အောင်ဆန်းက တခြားတိုင်းရင်းသားတွေကို လှည့်စားပြီး သဘောတူခဲ့တယ်လို့ .. ဘာလို့ ကလေးလို ပြောနေတာလဲ? အဲဒီအချိန်မှာ ဗမာပြည်ကို အုပ်ချုပ်နေတာ အင်္ဂလိပ်အစိုးရဖြစ်ပါတယ်။ (မြန်မာပြည်လို့မခေါ်တော့ပါ။ တစ်နိုင်ငံလုံးကို ဗမာပိုင်သည်ဟု မှတ်ယူထားပါသည်) အင်္ဂလိပ်ဟာ ပင်လုံညီလာခံမှာ မြန်မာတွေကို လွတ်လပ်စွာ ဆွေးနွေးခွင့်ပေး မယ်ထင်သလား? လုံးဝမပေးဘူးဆိုတာ ကျနော်ပြောတာယုံပါ။ ပြည်နယ်တွေ ခွဲထွက်ခွင့်ပေးရမယ်ဆိုတဲ့ အချက်ကို အင်္ဂလိပ်က တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အဲဒီအချက်ကို လက်မခံရင် လွတ်လပ်ရေးပေးမှာ မဟုတ်ဘူးဆိုတဲ့ အကျပ်ကိုင်မှုမျိုးလုပ်ရင် ဗိုလ်ချုပ်အောင်ဆန်းမှာ သဘောတူရုံကလွဲလို့ ဘာမှ ရွေးချယ်စရာမရှိပါဘူး။ ပင်လုံစာချုပ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းကို စုတ်ဆူး.. စားရူးဖြစ်အောင် လုပ်လိုက်တယ်ဆိုတာ သိထားပါ။ အခြေအနေအရ အပြစ်အနာအဆာမကင်းတဲ့ လွတ်လပ်ရေးကို လက်ခံလိုက်တာကို လိမ်ညာလှည့်ဖျားတယ်လို့ ပြောနေတဲ့ အစ်မဟာ အရူးတစ်ယောက်သာဖြစ်ပါတယ်။

ပင်လုံစာချုပ်ကို အင်္ဂလိပ်က ကျုပ်တို့ဗမာပြည်အတွက် (ဗမာကသာ ပိုင်ဆိုင်သည့်အတွက် ဗမာပြည်ဟု ခေါ်သည်) စေတနာနဲ့ လုပ်ခိုင်းတယ် ထင်နေတုံးလား? သွေးခွဲချေထိုးလုပ်ပြီးမှ လွတ်လပ်ရေးပေးတာ အင်္ဂလိပ်ရဲ့ အလေ့အကျင့်တစ်ခုပါ။ အင်္ဂလိပ် လက်အောက်ကနေ လွတ်လပ်ရေးရပြီး ငြိမ်းချမ်းတဲ့နိုင်ငံ လုံးဝမရှိတာကို အထောက်အထားဖြစ် ကြည့်နိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို အင်္ဂလိပ်သတ်တဲ့ ကိစ္စကိုတော့ မဆွေးနွေးတော့ပါဘူး။ အဖြူကို အခုလောက်ထိလိုက်ရင် မငယ်နိုင် ဆွေ့ဆွေ့ခုံနေလောက်ပါပြီ။ တော်သေးပြီ။

အဖြူတွေအလိုကျရေးထားသည့် ဒီမိုနှင့်နအဖ သမိုင်းစာပေများကိုမယုံကြည်တဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★